ရွှေပြည့်လျှံနှမ်းကပ်ကွတ်ကီးမုန့်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၅)အတွင်းရှိ ရွှေပြည့်လျှံ နှမ်းကပ် ကွတ်ကီးရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့်ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချ ရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ