
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံ အစုံဖြစ်သည့် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီစိမ်း နှင့် မုန့်ညှင်းဖြူထုတ်ကိုတို့ကို ရောင်းချလျက်ရှိရာ ရန်ကုန်မြို့နယ် သီရိမင်္ဂလာဈေးမှ မှာယူရောင်းချပြီး ဒေသစိုက်ပျိုးသော ပန်းဂေါ်ဖီ၊ ဂေါ်ဖီပွင်များ မထွက်ရှိသေး ကြောင်း သိရှိရသည်။
ဒေသထွက် သီးနှံများမထွက်ရှိသေးသည့်အတွက် ဈေးကောင်းမွန်လျက်ရှိသည်။ ရန်ကုန်မှ ဂေါ်ဖီထုတ် ၁၀၀ပါ တစ်ခြင်း လျှင် လက်ကားဈေး (၁၆၀၀၀၀)ကျပ်၊ ပန်းဂေါ်ဖီထုတ် ၁၀၀ပါ တစ်ခြင်း လျှင် (၁၉၀၀၀၀)ကျပ်၊ ပန်းဂေါ်ဖီစိမ်း အထုတ် ၁၀၀ပါ တစ်ခြင်းလျှင် (၂၉၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရောင်းချကြောင်း တစ်ပတ်အတွင်း ဝယ်လိုအားကောင်း၍ ရောင်းကုန်ကြောင်း ကုန်စိမ်းသည်ထံမှ သိရသည်။
မအူပင်မြို့နယ် စည်ပင်ဈေးနှင့် မြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသည့် မုန်ညှင်းဖြူထုပ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဂေါ်ဖီတစ်ထုတ် လျှင်(၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ ၁ထုတ်လျှင် ၂၅၀၀ကျပ်၊ ပန်းဂေါ်ဖီစိမ်း ၁ထုတ်လျှင် ၃၅၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်မှ နံနက်ပိုင်း ကုန်စိမ်းကားများဖြင့် နေ့စဉ် ဝင်ရောက်လျက်ရှိ ကြောင်းသိရသည်။
ကုန်စိမ်းရောင်းချသူများအနေဖြင့် ဂေါ်ဖီထုတ် ၁၀ထုတ်လျှင် ၄၀၀၀ကျပ်၊ ပန်းဂေါ်ဖီပွင့် ၁၀ထုတ်လျှင် ၆၀၀၀ကျပ်၊ ပန်းဂေါ်ဖီစိမ်း ၁၀ထုတ်လျှင် ၆၀၀၀ကျပ် အမြတ်ကျန်ရှိကြောင်း၊ ကုန်စိမ်းသည်များ ကုန်ကားဖြင့် စုပေါင်းမှာယူ၍ နံနက် ၅နာရီကုန်စိမ်းဈေးကွက်တွင် ကုန်စိမ်းများကောက်ယူ၍ မအူပင်ဈေးကွက်အတွင်းရောင်းချရ၍ အဆင်ပြေ လျက်ရှိကြောင်း အိမ်ရှင်မများတစ်ချို့သည် နံနက်ဈေးသို့ ကုန်စိမ်းဈေးသက်သာ၍ လာရောက်ဝယ်ယူ သူများလည်းရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။
DOCA(ဧရာဝတီ)
