မအူပင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ဧက ၂၀၀၀၀၀ ကျော်စိုက်ပျိုးပြီးစီး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ၊ ဆီထွက် သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံမျိုးစုံစိုက်ပျိုးကြရာ ပဲမျိုးစုံ ဧက ၅၇၂၀၄၉ ကျော်စိုက်ပျိုးမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

    ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မအူပင်ခရိုင်အနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရန် ၂၄၁၄၇၄ ဧကလျာထားပြီး ယနေ့အချိန်ထိ ၁၂၀၀၀၀ကျော် စိုက်ပျိုးပြီးဖြစ်သည်။

   ဒီနှစ်ဆောင်းရာသီမှာ ပဲမျိုးစုံစိုက်ပျိုးဖို့ ဧက ၂၄၁၄၇၄ ကျော်လျာထားစိုက်ပျိုးပြီး လက်ရှိ အချိန်မှာ ဧက ၁၂၀၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း တောင်သူတွေ တစ်ထက်တစ်နှစ် တိုးချဲ့ စိုက်ပျိုးကြပြီး စားတော်ပဲသီးနှံကို လယ်ရိတ်သိမ်းပြီး သီးထပ်အဖြစ်စိုက်ပျိုးကြောင်း သိရသည်။

    မအူပင် မြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ဧက ၆၁၃၀၇ ၊ ပဲတီစိမ်း ၂၁၅၉ ဧက၊ ဘိုကိတ်  ၁၁၂၅၃ ဧက၊ စားတော်ပဲ ၂၅၅ ဧက၊ အခြားပဲ ၃၄၁၆ ၊ထောပတ်ပဲ ၂၇၇  စုစုပေါင်း ၇၈၆၆၇ ဧက ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။ကျန်သော မြို့နယ်များဖြစ်သည့်  ပန်းတနော်၊ ဓနုဖြူ၊ ညောင်တုန်းမြို့နယ်များတွင်လည်း ပဲမျိုးစုံးစိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)