
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် စားသုံးသော ငရုတ်သီးခြောက်များကို ရန်ကုန်မြို့ရှိ ကုန်စည်ဒိုင်များမှတဆင့် ကားဖြင့် အများဆုံးသယ်ယူရောင်းချလျက်ရှိသလို ဒေသထွက် ငရုတ်သီးခြောက် များကိုလည်း ရောင်းချလျက်ရှိသည်။ ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယပတ်က ငရုတ်သီး ခြောက် ပီနမ်သီး ပိဿာလျှင် ( ၁၁၀၀၀)ကျပ်နှင့် ငရုတ်အရှည်အကြီး (၁၃၀၀၀)ကျပ် ခန့်ရှိပြီး ဗီယက်နမ် ငရုတ်သီး တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် ခန့်ထိရှိကြောင်း သိရှိရပါသည်။
ယခင်နှစ် ငရုတ်သီးဈေးနှုန်းမှာ ပီနမ်သီး ပိဿာလျှင် ( ၆၀၀၀)ကျပ်နှင့် ငရုတ်အရှည်အကြီး (၉၀၀၀)ကျပ် ခန့်ရှိပြီး ဗီယက်နမ် ငရုတ်သီး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ခန့်ထိရှိခဲ့ပြီး ယခုနှစ် ငရုတ်ဈေး မြင့်တက်လာကြောင်း ဒေသစိုက်ပျိုးထွက်ရှိသော ငရုတ်သီးများ စတင်စိုက်ပျိုးနေချိန်ဖြစ်၍ ဒေသတွင်းငရုတ်ထွက်ရှိလာပါက ဈေးသက်သာနိုင်ကြောင်း၊ ယခုရောင်းချနေသော ငရုတ်များမှ ရန်ကုန် ပွဲရုံ ဈေးကြီးများမှ မှာယူရောင်းချသော ငရုတ်သီးခြောက်များဖြစ်သည်။ မအူပင်ဈေးကွက်အတွင်း ငရုတ်များကို အမှုန့်ကြိတ်၍ ရောင်းချနေသော ဈေးနှုန်းမှာ ငရုတ်ရှယ်မှုန့် ၁ပိဿာ ၁၅၀၀၀ကျပ်၊ အလတ်စား ၁ပိဿာ ၁၂၀၀၀ကျပ်၊ ငရုတ်ခွဲကြမ်း ၁ပိဿာ ၁၅၀၀၀ကျပ်၊ ငရုတ်သီးအလှော်မှုန့် ၁ပိဿာ ၁၂၀၀၀ကျပ်ဖြင့် ဈေးအတွင်း ရောင်းချနေကြောင်းနှင့် အမှုန့်ကြိတ်ရောင်းသော ငရုတ်မှုန်များမှာ ယခင်နှစ်က ဝယ်ယူပြီး ငရုတ်များကို ကြိတ်ခွဲရောင်းချခြင်းဖြစ်ကြောင်း ငရုတ်မှုန့် ရောင်းချသူထံမှ သိရသည်။
DOCA(ဧရာဝတီ)
