အွန်လိုင်းအဝတ်အထည်ရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

      (၂၀.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဉီးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့်  စစ်ဆေးရေးတာဝန်ရှိသူများသည် အွန်လိုင်းမှတ်ပုံတင် လျှောက်ထားသည့် ရတနာစမ်းချောင်းလမ်း၊ ၁၃ရပ်ကွက်၊ ဓနုဖြူမြို့နယ်တွင် ရောင်းချလျက်ရှိသည့် အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းသို့ မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် မအေးမိုး၊ Moe Collection လုပ်ငန်းမှ  အွန်လိုင်းမှတ်ပုံတင် စနစ်တွင် မှတ်ပုံတင် ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့်အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စစ်ဆေးရေးအရာရှိမှ မြေပြင်စစ်ဆေးရန် သတ်မှတ်ချက်များအတိုင်း အမှန်တကယ်ရောင်းချမှုနှင့် လုပ်ငန်းအခြေအနေများကို စစ်ဆေးခဲ့ပြီး၊ စစ်ဆေးချက်နှင့် ကိုက်ညီကြောင်း တွေ့ရှိရပြီး၊ စစ်ဆေးမှု အခြေအနေများကို ခရိုင်ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ များနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)