ကြံခင်းမြို့နယ် အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၉.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀)အချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသား‌ဆိုင်ရာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့်လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေ ရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသင့်စားသောက်ကုန်စည်အမျိုးမျိုးတွင် ကုန်စည်အမျိုး အစားအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ၊ သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိ ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)