
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်းရှိ ဈေးများတွင် မိသားစုစားဝတ်နေရေး အတွက် မုန့်ဟင်းခါး ၊ မုန့်ဖတ်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပါသည်။ မုန့်ဟင်းခါး ၊ မုန့်ဖတ်များကို ပုသိမ်မြို့ပေါ်ရှိ အိမ်ထောင်စုများ၊ စားသောက်ဆိုင်များနှင့်ကျေးရွာ များမှ နေ့စဉ်နီးပါး ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊ အလှူပွဲ၊ မွေးနေ့ပွဲနှင့် ကျေးရွာဘုရားပွဲများတွင် အသုံးပြုရန်အတွက် အများအပြား ဝယ်ယူကြသဖြင့် အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်အတွင်းတွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖတ်ဈေးနှုန်းများမှာ (၁)ပိဿာလျှင် (၃,၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁,၆၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
DOCA(ဧရာဝတီ)
