ရေကြည်မြို့နယ်၊ အ.လ.က ကျုံဖားကျောင်းတွင် ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     (၁၉.၁၁.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၂:၀၀) အချိန်တွင် ရေကြည်မြို့နယ်၊ အ.လ.က ကျုံဖား ကျောင်းတွင်ရှိသော  ကျောင်းမုန့်ဈေးတန်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းမုန့်ဈေးတန်း ကြီးကြပ်ရေးကော်မတီဆရာမများနှင့် အတူ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချထားသော မုန့်များတွင် သတ်မှတ်ထား သော ကုန်အညွှန်းအမှတ်အသားများပါရှိသော မုန့်များရောင်းချစေရန်နှင့် ကျောင်းသားကျောင်းသူများ အား အန္တရာယ်ကင်းစေသော မြန်မာ့ရိုးရာမုန့်များကို ဦးစားပေးရောင်းချရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ