အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားသည့် Ma Nann အလှကုန်ပစ္စည်းအား မြေပြင်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေး မှူးသည် ၁၇.၁၁.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် တိုက်အမှတ် (၂၇)၊ ဥမ္မာဒန္ဒီအိမ်ရာ၊  ပုသိမ်မြို့ရှိ Ma Nann အလှကုန်ပစ္စည်းအား  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားရှိသည့် လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ ရပ်ကွက်ထောက်ခံချက်၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း ထောက်ခံချက်၊ လုပ်ငန်း၏ Logo နှင့် မှတ်ပုံတင်ထားသော ကုန်စည်၊ ဝန်ဆောင်မှု ကိုက်ညီမှုရှိ/ မရှိနှင့် အခြားအချက်အလက်များ ပြည့်စုံမှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေး ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

 (DOCA) ဧရာဝတီ