
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်/စပါးအား အဓိကစိုက်ပျိုး ထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်တင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့၊ ညနေ(၁၇:၃၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ပန်းခြံဆိပ် တံတား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲ တပ်ဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ ပြည်တွင်းရေကြောင်းဦးစီးဌာန၊ မြိုနယ်ဆန်စက်လုပ်ငန်းရှင် များအသင်း နှင့် တို့ပူးပေါင်း၍ MV-မြမြမွန်ရေယာဉ် နှင့် MV-အောင်တက်တိုးရေယာဉ်အား သွားရောက်စစ်ဆေးခဲ့ပါသည်။ MV-မြမြမွန်ရေယာဉ် တွင် ဧည့်မထ ဆန် (၉၀၀၀)အိတ်နှင့် ပေါ်ဆန်းဆန်(၅၀၀)နှင့် MV-အောင်တက်တိုးရေယာဉ်တွင် ဧည့်မထဆန်(၈၅၀၀)အိတ်နှင့်ပေါ်ဆန်းဆန်(၅၀၀)၊စုစုပေါင်းဆန်(၉၀၀၀)အိတ်အား တင်ဆောင်ထားကြောင်း တွေရှိရပါသည်။ ထိုနောက် ရေယာဉ်ကြံ့ခိုင်မှုနှင့် လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ ဆန်များ သယ်ဆောင် ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့်အညီ ညီညွတ်မှု မရှိသည့် ကိစ္စရပ်များဖြစ်ပွားမှုမရှိစေရေးတို့အားကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
( Doca ဧရာဝတီ )
