
ကင်ပွန်းချဉ်သည် လူတိုင်းစားသုံးပေးသင့်သော အရွက်တစ်မျိုးဖြစ်ပြီး ဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသကဲ့သို့ ကျန်းမာရေးမကောင်းသူများ၊ ခံတွင်းမကောင်းသူများနှင့် အိပ်မပျေိာ်သူများအနေဖြင့် အဓိကစားသုံးပေးသင့်ပါသည်။ ကင်ပွန်း ချဉ်သည် နွေရာသီတွင် ရွက်နုများထွက်ပြီး အညွန့်တဝေဝေဖြင့် ခူးရသော အရွက် တစ်မျိုးဖြစ်ပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် နွေရာသီမှာ ဖြိုင်ဖြိုင်ပေါ်၍ ကင်ပွန်းချဉ် (၁၀) ကျပ်သားလျှင် (၈၀၀/၁၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခု နိုဝင်ဘာလတတိယပတ်တွင် ကင်ပွန်းချဉ်(၁၀) ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်နေကြောင်း သီးနှံရောင်းချသူ ဈေးသည်ထံမှ သိရသည်။ ကင်ပွန်းချဉ်ရွက်သည် ဟင်းအဖြစ်ချက်ပြုတ်စားသောက်နိုင်ရုံတင်မကဆေးဝါးအဖြစ်ပါအသုံးဝင်သောကြောင့်ရာသီမရွေးရောင်းအားကောင်းကြောင်းသိရသည်။ DOCA(မန္တလေး)
