
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးတည်ရှိပြီး စိုက်ပျိုးရေးကို အခြေခံ သော မြို့လေးတစ်မြို့ဖြစ်သည်။ ငါန်းဇွန်မြို့ရှိ မြို့မစည်ပင်သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော မီးဖိုချောင်သုံး သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၀၀၀/၁၂၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ( ၇၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (ရှည်) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုတ်ပု တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ဂျင်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်ခြောက်ရောင်းချသူထံမှ သိရသည်။ DOCA(မန္တလေး)
