
မန္တလေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံအဓိကစိုက်ပျိုးသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ပြည်တွင်းစားဆီဖူလုံရေးနှင့် ပြည်ပပို့ကုန်ဖြစ်သည့် မြေပဲနှင့် နှမ်းသီးနှံများအား ရောင်းချသည့်အချက်အခြာ ကျသောဒေသတစ်ခုဖြစ်ပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် မြေပဲနှင့်နှမ်းသီးနှံပေါက်စျေးများအား ယခင်နှစ်နှင့်ယခုနှစ် ကာလတူနှိုင်းယှဉ်ပါက အရောင်းအဝယ်ဖြစ်မှုအပေါ်မူတည်၍ စျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကုန်သည်များ၏ပြောပြ ချက်အရသိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပေါက်စျေးများမှာမြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊S1 ဆီဆန် ၇၅၀၀ ကျပ် နှင့်၇၉၀၀ကျပ်၊ Mတွဲလုံးဆန် ၈၁၀၀ ကျပ်နှင့် ၈၃၀၀ကျပ်၊အနီလုံးဆန် ၈၀၀၀ ကျပ်နှင့် ၈၂၀၀ ကျပ်၊ပြန့်ဆီဆန် ၇၄၀၀ကျပ်နှင့် ၇၉၅၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ S1 လုံးဆန် ၈၆၀၀ ကျပ်နှင့် ၈၉၀၀ ကျပ်၊S1 ဆီဆန် ၈၄၀၀ကျပ်နှင့် ၈၅၀၀ ကျပ်၊S1 ရွေးဆန် ၈၅၀၀ကျပ်နှင့် ၈၆၀၀ ကျပ်၊ အနီလုံးဆန် ၈၈၀၀ကျပ်နှင့်၉၀၀၀ကျပ်၊ အနီဆီဆန် ၈၃၀၀ ကျပ်နှင့် ၈၅၀၀ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ်နှင့် ယခုနှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက မြေပဲဆန်စျေးမှာ တစ် ပိဿာလျှင် ၅၀၀ ကျပ်ခန့် ကျဆင်းသွားကြောင်း သိရှိရပါသည်။
နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၇၅၀၀၀ကျပ်နှင့် ၂၈၂၀၀၀ကျပ်၊နှမ်းဖြူ(ဗမာ)၂၄၅၀၀၀ကျပ်နှင့် ၂၅၅၀၀၀ကျပ်၊ နှမ်းညို ၂၆၅၀၀၀ ကျပ်နှင့် ၂၈၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၁၁၁ကျပ်နှင့် ၆၂၆၇ ကျပ်၊ နှမ်းဖြူ(ဗမာ)၅၄၄၄ကျပ်နှင့် ၅၆၆၇ကျပ်၊ နှမ်းညို ၅၈၈၉ကျပ်နှင့် ၆၂၂၂ကျပ် စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ယခင် နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၃၃၃ကျပ်နှင့် ၉၄၄၄ကျပ်၊ နှမ်းဖြူ (ဗမာ) ၈၁၁၁ ကျပ်နှင့် ၈၄၄၄ ကျပ်၊ နှမ်းညို ၆၇၇၈ကျပ်နှင့် ၇၀၀၀ ကျပ်၊ နှမ်းနီ ၇၄၄၄ ကျပ်နှင့်၇၅၅၆ ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်)၃၁၇၇ ကျပ်၊နှမ်းညို ၇၇၈ ကျပ်နှင့် နှမ်းဖြူ (ဗမာ)၂၇၇၇ ကျပ် စျေးအသီးသီးကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
