
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးသည် (၁၉.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒေသတွင်း ထုတ်လုပ်လျက်ရှိသော “ရီမွန်ကျော်”၊ “ကောင်းကျော်”၊ “လမင်းသာ” အမှတ်တံဆိပ် ကုလားပဲမှုန့် ထုတ်လုပ် သော လုပ်ငန်းများသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ဆွေးနွေးရာတွင် မိမိတို့ ထုတ်လုပ်သော ကုလားပဲမှုန့် များတွင် အစားအသောက်၏ အခြေခံအချက်မှာ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရန်ဖြစ်သောကြောင့် ကုလားပဲဆံ ရွေးချယ်ရာတွင် အဖျင်းအမှော်၊ ဖုန် သဲ ခဲ များ မပါဝင်အောင် သတိပြုရန်လိုအပ်ကြောင်း၊ ကုလားပဲ မှုန့်ကြိတ်ခွဲရာတွင်လည်း မကြာခဏ စက်သန့်ရှင်းရေးပြုလုပ်ရန်လိုအပ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း အကြောင်းအရာများအားဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ လက် ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
