၂၀၂၅/၂၀၂၆ခုနှစ်၊နွားထိုးကြီးမြို့နယ်၏ကွမ်းရွက်စိုက်ပျိုးထားရှိမှု

Powered by Drupal

         နွားထိုးကြီးမြို့နယ်သည် ဥယျာဉ်ခြံမြေများ များစွာစိုက်ပျိုးလျက်ရှိရာ ကွမ်းခြံများကိုလည်း ကံနှောင်းရွာ၊ နနွင်းတော်ဘိုးရွာ၊ ကံရွာနှင့် လက်ဝဲ၊ မြင်းနီကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ၌ နွားထိုးကြီးမြို့နယ်၏ ကွမ်းစိုက်ပျိုးဧက ၄၉၈ ဧကစိုက်ပျိုးထားကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ကွမ်းပင်များကို ဝါဆိုလ(ဇွန်လ)တွင်စတင်စိုက်ပျိုးပြီး၊ စိုက်ပျိုးချိန်မှ (၃)လအကြာ ကွမ်းရွက်များခူးဆွတ်၍ ဈေးကွက်၌ရောင်းချနေပြီဖြစ်ကြောင်း၊ကွမ်းခြံတစ်ခြံစိုက်ပျိုးထားလျှင် (၄-၅)နှစ်ခန့်အထိ ခူးဆွတ် ရောင်းချရကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ နွားထိုးကြီးမြို့တွင် ကွမ်းရွက်(ရိုးရိုး) တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ကွမ်းနုဝါတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ခန့် ပေါက်ဈေး များဖြင့်‌ရောင်းချလျက် ရှိကြောင်း၊ ကွမ်းရွက်အရည်အသွေး အမျိုးအစားပေါ်မှုတည်၍ ဈေးနှုန်းများအနည်းငယ် ကွာခြား ကြောင်း၊ ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေရပြီး အရင်းမရှုံးသော ကွမ်းပင်များကိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း ကွမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)