
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မျှစ်ကို ပဒါန်း၊ ငဖဲမြို့နယ်တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (စတုတ္ထပတ်)တွင် မျှစ်(၁)ပိဿာလျှင် ကျပ်(၄၀၀၀)ဖြင့် ရောင်းချ လျက် ရှိပြီး (တတိယပတ်)တွင် မျှစ်(၁)ပိဿာလျှင် ကျပ်(၃၅၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ မျှစ်များလှိုင်လှိုင် ထွက်ရှိချိန် မဟုတ်ဘဲ အနည်းငယ်သာထွက်ရှိတော့သည့် အတွက်ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ် ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
