၂၀၂၅/၂၀၂၆ခုနှစ်၊နွားထိုးကြီးမြို၏၊နှံစားပြောင်းသီးနှံစိုက်ပျိုးထားရှိမှု

Powered by Drupal

            နွားထိုးကြီးဒေသသည် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသဖြစ်သောကြောင့် မိုးရာသီကာလ၌ မိုးသီးနှံများကို အားထားစိုက်ပျိုးရကြောင်း၊ ဒေသအတွင်းရှိ‌‌ကျေးရွာများတွင် မိုးနှံစားပြောင်း သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ မေလနှင့် ဇွန်လများတွင်စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလကုန်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးနှံစားပြောင်းစိုက်ဧက (၂၅၄၅၉)ဧက စိုက်ပျိုးထားရှိကြောင်း  မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။  စိုက်ပျိုးရာတွင် ထွက်တိုးနီမျိုးနှင့် ရွေဝါမျိုးကိုအများဆုံး စိုက်ပျိုးကြကြောင်း၊ ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကပျမ်းမျှ ကုန်ကျမှု အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ်(၃၂၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ နှံစားပြောင်းကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုရန် အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်တစ်ဧက အထွက်နှုန်း အနေဖြင့် (၁၅) တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ မိုးကိုမျှော်ပြီးစိုက်ပျိုးရသော သီးနှံဖြစ်သော ကြောင့် ယခုနှစ်တွင်မိုးလေဝသကောင်းပါက အထွက်နှုန်းကောင်းနိုင်မည်ဟုခန့်မှန်းရကြောင်း နွားထိုးကြီးမြို့ နယ်၊ ပဲကြီးခင်းကျေးရွာမှ နှံစားပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရသည်။ နှံစားပြောင်းသီးနှံကို အသားတိုးနွား၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများ အတွက်အသုံးပြုကြောင်း၊ နှံစားပြောင်းထွက်ပေါ်ချိန်တွင် ရန်ကုန်မြို့သို့ တင်ပို့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)