
အသင့်စား မုန့်အမျိုးမျိုးရှိသည့်အနက် အညာဒေသထွက် မြန်မာ့ရိုးရာအစားအစာ တစ်ခု ဖြစ်သည့် မုန့်ကျွဲသည်းသည်လည်း ဈေးကွက်အတွင်း နေရာတစ်ခုရရှိနေကြောင်း သိရှိရသည်။ မြင်းခြံမြို့၊ အေးမြသီတာ ဈေးအတွင်း ရောင်းချလျက်ရှိသည့် မု့န်ကျွဲသည်းများကို ဆန်မှုန့်၊ ထန်းလျက်(သို့မဟုတ်)သကြား၊ ဆီ၊ ဆား၊ ထုံးရည်ကြည်၊ အုန်းသီးတို့ဖြင့် ကျိုချက်ရကြောင်း၊ ထန်းလျက်ဖြင့် ကျိုချက်ပါက အညိုရောင်ရရှိပြီး သကြားဖြင့်ကျိုချက်ပါက အဖြူရောင်ရရှိကြောင်း၊ ထန်းရည်ချိုရရှိချိန်တွင် ထန်းလျက်၊ သကြားအစား ထန်းရည်ချိုကို ထည့်သုံးကြောင်းနှင့် ထန်းရည် ချိုဖြင့် ကျိုချက်ပါက အနံ့အရသာပိုမိုကောင်းမွန်ကြောင်း၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေသော မုန့်ကျွဲသည်း ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ နေ့စဉ်မုန့်ကျွဲသည်း ပိဿာချိန် (၁၅-၂၀) ပိဿာခန့် ရောင်းချရကြောင်း၊ မြန်မာ့ရိုးရာမုန့်ဖြစ်သောကြောင့် ဒေသတွင်းစားသုံးမှုများပြီး တဆင့်ပြန်လည် ရောင်းချသူများအား ဖောက်သယ်ပေးရကြောင်း၊ အရောင်းအဝယ်ကောင်းပြီး MSME လုပ်ငန်းဖြစ်သော မုန့်ကျွဲသည်းရောင်းဝယ်ရေးသည် ရပ်ကွက်ကျေးရွာများတွင် ထုတ်လုပ် ရောင်းချကြပြီး ဈေးကွက်၌ မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်အဆင်ပြေကြောင်း သိရှိရသည်။
DOCA(မန္တလေး)
