
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ နိုဝင်ဘာလ(၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်အမျိုးအစားလိုက် ရောင်းချလျက်ရှိသော ဆန်ဆိုင်များ၊ မီးဖိုချောင်သုံးအခြေခံစားကုန် ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များ၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် ရေချိုရေငံ ငါး၊ ပုဇွန် အသား၊ ငါးအရောင်းဆိုင်များ ငါးပိ၊ ငါးခြောက်ဆိုင်များ၊ ကြက်ဥ၊ ဘဲဥ လက်လီလက်ကား အရောင်းဆိုင်များ အသီး၊ အရွက်၊ ပဲပင်ပေါက်၊ ပဲပြား ကုန်စိမ်း အရောင်းဆိုင်များရှိ အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေတို့အား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေမှာ သိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
