
၂၀၂၅ ခုနှစ် ၊နိုဝင်ဘာ စတုတ္ထပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် အခြားဒေသမှဝင်ရောက်လာသော ပုဇွန်ခြောက်များ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ပုဇွန်ခြောက်ကို လူတို့စားသုံးသော ဟင်းလျာများထဲတွင် လိုတလိုအသုံးပြု စားသုံးနိုင်ပါသည်။ ဒေသတွင်းပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ခြောက်အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၇၀၀၀၀) ကျပ်၊ ပုဇွန်ခြောက်အလတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၃၀၀၀၀)ကျပ်၊ ပုဇွန်ခြောက်အသေးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၀၀၀၀) ကျပ်နှင့် ပုဇွန်ခြောက်အမှုန်နို့ဆီးဘူး တစ်ဘူးဈေးနှုန်းမှာ (၂၀၀၀မှ၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ငါးခြောက်မျိုးစုံဈေးနှုန်းများမှာ ငါးနီတူခြောက် တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ မြှီးတံသွယ်ခြောက် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အာဗြဲခြောက် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ငါးတန်ခြောက် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ငါးအသားမြှောင်း ခြောက် တစ်ပိဿာလျှင် (၄၃၀၀၀)ကျပ်၊ ငါးလျှာပြတ်ခြောက် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ငါးကွမ်းစခြောက် တစ်ပိဿာလျှင် (၅၀၀၀၀၊၆၀၀၀၀)ကျပ်နှင့်ငါးရံခြောက် တစ်ပိဿာလျှင် (၈၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့ရေပေါ်ဈေးအရောင်းဆိုင်မှ သိရသည်။
DOCA(ကရင်)
