
မြင်းခြံမြို့၊အေးမြသီတာဈေးတွင် သစ်သီးဝလံများ အမျိုးစုံလင်စွာ ရောင်းချလျက်ရှိရာ၊ ရခိုင်ငှက်ပျောသီးများကိုလည်း ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ရခိုင်ငှက်ပျောသီးများကို ကျောက်ဆည်မြို့နှင့် ပဲခူးမြို့တို့မှ တင်သွင်းရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချ နေသော၊ ရခိုင်ငှက်ပျောသီး အဖီးကြီးတစ်ဖီးလျှင် (၂၅၀၀)ကျပ်၊ အဖီးလတ်တစ်ဖီးလျှင် (၂၀၀၀) ကျပ်၊ အဖီးသေးတစ်ဖီးလျှင်(၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ချို၍အရသာရှိသော ကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ်ငှက်ပျောသီးအဖီး (၅၀-၁၀၀) ဖီးခန့် ရောင်းချ ရကြောင်း သစ်သီးရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။ ရခိုင်ငှက်ပျောသီးသည် အခြားမျိုး ကွဲငှက်ပျောသီးများထက် သေးငယ်ပြီးအခွံပါးကာ အရသာမှာလည်း ပိုပြီးချိုမြိန်၍ စားသုံးခြင်းဖြင့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ဗီတာမင် ဓာတ်နှင့် သဘာဝသကြားဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားမြှင့်တင်ပေးခြင်းနှင့် အစာခြေစနစ်ကိုကောင်းမွန်သော ကြောင့် စားသုံးမှုများပြားပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သစ်သီးရောင်းချသူ၏ ပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
