အရောင်းသွက်သည့် မန္တလေးကိုက်လံဟင်းရွက်စျေးကွက်

Powered by Drupal

      မန္တလေးစျေးကွက်အတွင်း နတ်တော်လဆန်းပိုင်းတွင် ကိုက်လံဟင်းရွက်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ လစတုတ္ထပတ်အတွင်း ကိုက်လံဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်း လျှင် ၅၅၀၀ကျပ်နှင့် ၆၅၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၇၀၀ကျပ် နှင့် ၉၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံ ဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀)စီး နှင့်(၆၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)