နိုဝင်ဘာလစတုတ္ထပတ်ရှိကြက်ဥ၊ ဘဲဥနှင့်ငုံးဥစျေးကွက်

Powered by Drupal

        မန္တလေးစျေးကွက်ရှိ  ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများ နတ်တော်လဆန်းကာလတွင် ဝယ်ယူမှုများပြားခြင်းနှင့် ဝင်ရောက်မှုအနည်းငယ်လျော့ကျသွားခြင်းတို့ကြောင့်  စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်းပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ မွေးမြူ ရေးခြံထွက်ကြက်ဥများ ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။ ဘဲဥနှင့်ငုံးဥမှာ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကိုင်၊ ကျောက်ဆည်မြို့နယ်များရှိ မွေးမြူရေးခြံတို့မှ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာ ကြက်ဥ (၃၀လုံး ပါ ၁၀ကဒ်) တစ်ဆွဲလျှင်၁၃၅၀၀ဝိ/- နှင့်၁၃၈၀၀ဝိ/-၊လက်လီစျေးအနေဖြင့် ကြက်ဥတစ်လုံးလျှင် ၄၅ဝိ/-နှင့်၅၀ဝိ/- ၊  ဘဲဥတစ်လုံးလျှင် ၅၈ဝိ/-နှင့် ၆၀ဝိ/- ၊ငုံးဥ(၁၀)လုံးလျှင် ၂၃၀ဝိ/- နှင့် ၂၅၀ဝိ/-  စျေးဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)