
ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးမှု ၉၂၃၁၅၃ ဧက၊ရိတ်သိမ်းမှု ၈၉၈၀၅၂ ဧက၊ အထွက် နှုန်း ၅.၁၉ တင်းနှင့် အထွက်စုစုပေါင်း ၄၆၆၁၉၈၈ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်များစက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၇၅၀၀၀ကျပ်နှင့် ၂၈၂၀၀၀ကျပ်၊ နှမ်းဖြူ(ဗမာ)၂၄၅၀၀၀ကျပ်နှင့် ၂၅၅၀၀၀ကျပ်၊နှမ်းညို ၂၆၅၀၀၀ ကျပ်နှင့် ၂၈၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၁၁၁ကျပ်နှင့် ၆၂၆၇ ကျပ်၊ နှမ်းဖြူ(ဗမာ)၅၄၄၄ကျပ်နှင့် ၅၆၆၇ကျပ်၊ နှမ်းညို ၅၈၈၉ကျပ်နှင့် ၆၂၂၂ကျပ် စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၃၃၃ကျပ်နှင့် ၉၄၄၄ကျပ်၊ နှမ်းဖြူ (ဗမာ) ၈၁၁၁ ကျပ်နှင့် ၈၄၄၄ ကျပ်၊ နှမ်းညို ၆၇၇၈ကျပ်နှင့် ၇၀၀၀ ကျပ်၊ နှမ်းနီ ၇၄၄၄ ကျပ်နှင့်၇၅၅၆ ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့် ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက မန္တလေးစျေးကွက်တွင်နှမ်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
