နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးပဲယင်းကြီးစျေးကွက်

Powered by Drupal

       ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်း ဝင် တစ်အိတ်လျှင် ပဲယင်း(နီ)၂၂၀၀၀၀ကျပ်နှင့်၂၂၅၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၂၁၀၀၀၀ ကျပ်နှင့် ၂၁၅၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲယင်း(နီ)၃၆၆၇ကျပ်နှင့် ၃၇၅၀ကျပ်၊ ပဲယင်း(ကြီး) ၃၅၀၀ကျပ်နှင့် ၃၅၈၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၄၂၅၀ကျပ်နှင့်၄၃၃၃ ကျပ်၊ ပဲယင်း(ကြီး) ၄၀၈၃ကျပ်နှင့် ၄၁၃၃ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက စျေးအနည်းငယ် လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)