
ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၅၀၀၀၀၀ကျပ်၊ ပဲကြီး(လတ်)၄၇၀၀၀၀ကျပ်နှင့် ၄၈၀၀၀၀ ကျပ်၊ ပဲကြီး(သေး)၄၅၀၀၀၀ကျပ်နှင့် ၄၆၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၉၀၅၀ ကျပ်၊ ပဲကြီး (လတ်)၇၉၆၄ကျပ်နှင့် ၈၆၈၈ကျပ်၊ ပဲကြီး(သေး)၈၁၄၅ ကျပ်နှင့် ၈၃၂၆ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၅၂၄၉ကျပ်နှင့် ၅၄၃၀ကျပ်၊ ပဲကြီး (လတ်) ၄၅၂၅ ကျပ်နှင့် ၄၆၁၅ကျပ်၊ ပဲကြီး(သေး)၄၂၅၃ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
