နိုဝင်ဘာလစတုတ္ထပတ်တွင် ကုလားပဲစျေးအနည်းငယ်ကျ

Powered by Drupal

         ကုလားပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၃၅၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၂၄၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၂၈၀၀၀ကျပ်၊ ကုလားပဲ (929)၂၃၅၀၀၀ကျပ်နှင့် ၂၃၇၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ (V-2)၄၁၀၅ကျပ်၊ကုလားပဲ (V-7) ၃၉၁၃ကျပ်၊ ကုလားပဲ (ထိုင်ဝမ်)၄၀၅၃ ကျပ်၊ကုလားပဲ (929) ၄၁၇၈ နှင့် ၄၂၁၃ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၅၂၄၀ ကျပ်နှင့် ၅၂၇၅ကျပ်၊ ကုလားပဲ(V-7) ၄၈၉၁ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၉၇၈ကျပ်၊ ကုလားပဲ(929) ၅၁၂၀ ကျပ်နှင့်၅၁၅၆ကျပ် စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက ကုလားပဲ စျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)