နိုဝင်ဘာလစတုတ္ထပတ်တွင် မန္တလေးပဲထောပတ်စျေးအနည်းငယ်ကျ

Powered by Drupal

        ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက်နှုန်း (၆.၅၁)တင်းနှင့် အထွက်(၁၅၅၂၇၁)တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲထောပတ်(ဂေါက်)၂၇၅၀၀၀ကျပ်နှင့် ၂၈၀၀၀၀ကျပ်၊ နှင့် ၃၉၅၀၀၀ ကျပ်၊ ပဲထောပတ်(လတ်) ၂၅၀၀၀၀ကျပ်နှင့် ၂၆၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲထောပတ် (ဂေါက်)၄၈၈၉ကျပ်နှင့် ၄၉၇၈ကျပ်၊ ပဲထောပတ်(လတ်)၄၄၄၄ကျပ်နှင့် ၄၆၂၂ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲထောပတ်(ကြီး) ၆၉၃၃ကျပ်နှင့် ၇၀၂၂ကျပ်၊ ပဲထောပတ်(လတ်)၆၅၇၈ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲထောပတ်စျေးမှာ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)