နိုဝင်ဘာလစတုတ္ထပတ်တွင် မန္တလေးပဲတီစိမ်းစျေးပိုမိုရရှိ

Powered by Drupal

    ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့ တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇)တင်းဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၃၂၀၀၀၀ ကျပ်နှင့် ၃၄၀၀၀၀ကျပ်၊ ပဲတီစိမ်း(ပဲခွဲ)၃၀၀၀၀၀ကျပ်နှင့် ၃၁၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ) ၅၆၈၉ ကျပ်နှင့် ၆၀၄၄ကျပ်၊ ပဲတီစိမ်း(ပဲခွဲ)၅၃၃၃ကျပ်နှင့် ၅၆၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၄၆၂၂ ကျပ်နှင့် ၅၃၃၃ ကျပ်၊ ပဲတီစိမ်း (ပဲခွဲ) ၄၀၈၉ ကျပ်နှင့် ၄၂၆၇ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း (ညာ)မှာ တစ်ပိဿာလျှင် ၇၁၁ ကျပ်စျေး ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)