မန္တလေးစျေးကွက်တွင် ထောပတ်သီးစျေးကျဆင်းလျက်ရှိ

Powered by Drupal

          စျေးကွက်အတွင်းသို့   နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်‌ ထောပတ်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ထောပတ်သီး ၁၀ လုံးလျှင် အလုံး(ကြီး) ၁၅၀၀၀ ကျပ်နှင့် ၂၅၀၀၀ကျပ်၊ အလုံးလတ် ၇၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ ဟက်စ် (Hass) မျိုးမှာ  Kg စျေးနှင့် ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင်  ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ နတ်တော်လဆန်းတွင် ထောပတ်သီးခူးဆွတ်သည့် ရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများပြီး၊  ယခင်အပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့်စျေးကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)