မန္တလေးစျေးကွက်တွင် စျေးငြိမ်နေသည့်မာလကာသီး

Powered by Drupal

         စျေးကွက်သို့ နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်မာလကာသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးငြိမ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်   စျေးနှုန်းများမှာ မာလကာသီး ၁ လုံး လျှင် အလုံး(ကြီး)၂၅၀၀ကျပ်နှင့် ၃၀၀၀ကျပ်၊  အလုံး(လတ်)  ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ အလုံး (သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့်ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)