
ရွှေဖရုံညွှန့်သည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးရှိစေသော ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်သည်။ ရွှေဖရုံညွန့်တွင် ခန္ဓာကိုယ်အတွက် လိုအပ် သော ဗီတာမင်နှင့် သတ္တူဓာတ်များစွာပါဝင်ကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာပါဝင်သောကြောင့် မျက်စိကျန်းမာရေး အတွက် အထောက်အကူပြုကြောင်း၊ ဗီတာမင်စီနှင့် သံဓာတ်များပါဝင်သောကြောင့် ကိုယ်ခံ အားကိုကောင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ ပေးသောကြောင့် ဆီးချိုရောဂါရှိသူများ စားသုံးသင့်ကြောင်း၊ သွေးတွင်းအဆိပ် အတောက် ဖြစ်၍ အဖျားရောဂါရှိပါက ရွှေဖရုံညွန့်ကိုစားပေးရကြောင်း၊ ကိုယ်ခန္ဓာအတွက် ဗီတာမင်ဘီဆစ် အားနည်း လာပါက အဆစ်ရောင်နာ၊ အဆစ်နာကျင်ခြင်းနှင့် ကြွက်သားကိုက်ခဲခြင်းများဖြစ်ပါက သက်သာ ပျောက်ကင်းကြောင်း၊ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်သောကြောင့် အရိုးနှင့်သွားများ ကိုသန်မာ ကြံ့ခိုင်စေကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝ စွာပါဝင် သောကြောင့် အူလမ်းကြောင်းလှုပ်ရှား မှုများကို ကောင်းစေပြီး ဝမ်းပျော့ပျော့သွားစေကာ အူကြွက်သားများကို ကျုံ့ဆန့်အားကောင်း စေသလိုဝမ်းမှန် စေ၍ လိပ်ခေါင်း ရောဂါကို ကာကွယ်ပေးကြောင်း၊ ကယ်ဆီယမ်နှင့် ဗီတာမင်Dဓာတ်များ ပါဝင်သောကြောင့် မေးရိုးတွေကိုသန်မာစေ၍ သွားတွေကိုခိုင်မာစေပြီး အပေါ်ယံကြွေလွှာ များကို မပျက်စီးအောင် ကာကွယ်ပေးကြောင်း၊ ရွှေဖရုံရွက်တွင် Copper ဓာတ်ပါဝင်သောကြောင့် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးကြောင်း၊ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသောကြောင့် အရေးအကြောင်းဖြစ်ခြင်း၊ အသက်အရွယ်ကြောင့် အရေပြားတွင် အမဲစက်များဖြစ်ခြင်းနှင့် အရေပြားလျော့တွဲခြင်းများကိုသက်သာပြီး ကြွက်သားအားကောင်းစေ ကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်တွင်းဓာတ်တိုးပစ္စည်းနှင့် အဆိပ်အတောက် များကို အထိရောက်ဆုံးဖယ်ရှားပေး၍ အသားအရေထိခိုက်ပျက်စီးမှုမရှိ အောင်ကာကွယ်ပေးပြီး အသားအရေနူးညံ့စေ၍ အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ပြီး အရေပြားအတွက် အာဟာရဖြည့်ပေးကြောင်း စသည့်အကျိုးကျေးဇူးများရှိခြင်းကြောင့် အသားအရေကြည်လင်တောက်ပသော ရွှေဖရုံညွှန့်များကို စားသုံးသင့်ကြောင်းသိရှိရသည်။
DOCA(မန္တလေး)
