မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းချဉ်သီးကို မကွေးမြို့နှင့် မင်းဘူးမြို့ပတ်ဝန်းကျင်ကျေးရွာများအပြင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ခရမ်းချဉ်သီး()ပိဿာလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီး()ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။  ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ပျိုးသည့် ကျေးရွာများ၌ အထွက်နှုန်းမရှိသေးသော်လည်း ရှမ်းပြည်နယ် အောင်ပန်းမြို့မှ မှာယူရောင်းချရသည့်အတွက် သယ်ယူစရိတ်မြင့်မားလာ၍ ခရမ်းချဉ်သီးဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း  သိရှိရသည်။

DOCA(မကွေး)