မကွေးမြို့၊ ကန်သာစျေးအတွင်းရှိ အသားငါး ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်တာဝန်ခံ ဒေါ်တင်တင်လှ သည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မကွေးမြို့ ကန်သာစျေးအတွင်း အသားငါးရောင်းချသည့်လုပ်ငန်း ရှင်များအား စျေးတာဝန်ခံ ရုံး၌ ခေါ်ဆောင်၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် မကွေးခရိုင်တာဝန်ခံက ပြည်သူများ၏ ကျန်းမာရေးအတွက် မိမိတို့ ရောင်းချသည့် အသားငါးများအား သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်း အတိုင်း ရောင်းချမှုရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ အား အသိပညာပေးဟောပြောဆွေးနွေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)