မြိတ်မြို့၊ နောက်လယ်ရပ်၊ အ.ထ.က(၅)ရှိ ကျောင်းမုန့်စျေးတန်းအား ထုတ်ကုန်လုံခြုံစေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် ကျောင်း သားကျောင်းသူများဘေးအန္တရာယ်ကင်းစေရေးအတွက် မြိတ်မြို့၊ နောက်လယ်ရပ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းပတ်ဝန်းကျင်ရှိ မုန့်စျေးဆိုင်များအား ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးအရ ထိခိုက်နိုင်သော၊ ဘေးအန္တရာယ်ရှိသော ထုတ် ကုန်များရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်စားသောက်ကုန်များမရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ပြီး အစားအစားများတွင် ခြင်၊ ယင်မနားစေရေး အဖုံး၊ အကာများဖြင့်ရောင်းချရန်နှင့် မြန်မာဘာ သာကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များသာ ရောင်းချရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA (တနင်္သာရီ)