
ပင်ပွားဆိုသည်မှာ ကမ္ဘာပေါ်တွင် လူသိများသော ဆေးဖက်ဝင်အပင်ဖြစ်သည့် ပင်စိမ်းပင်၏အ စေ့ဖြစ်ပါသည်။ ပင်ပွားစေ့ကို အချိုပွဲများနှင့် စားသောက်ဖွယ်ရာများထဲတွင် ထည့်သွင်းတည်ခင်းလေ့ ရှိပါသည်။ ပင်ပွားကိုအရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတစ်မျိုးအနေဖြင့် အစား အသောက်များထဲတွင် ထည့်သွင်းစားသုံးလေ့ရှိပါသည်။ ပင်ပွားတွင် ခန္ဓာကိုယ်တွင်လိုအပ်သော အာဟာရဓာတ်များပါဝင်နေသလို ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နှင့် ခန္ဓာကိုယ် အကျိုး ပြုသော အဆီဓာတ်များပါဝင်ပါသည်။ ပင်ပွားတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်သောကြောင့် ဆီးချိုရောဂါများအတွက် အထောက်အကူပြုနိုင်သလို အရေပြားအတွက်လည်းကောင်းကျိုး ပြုပါသည်။ ပင်ပွားမှရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ ကိုယ်အလေးချိန်ကျစေခြင်း၊ အအေးဓာတ်ရရှိစေခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ဝမ်းချုပ်ခြင်းနှင့် လေပွခြင်းကို သက်သာစေခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်းနှင့် ရင်ပူခြင်းကိုသက်သာစေနိုင်ခြင်း၊ အရေပြားနှင့် ဆံသားကိုကျန်းမာစေခြင်း၊တုပ်ကွေးဖြစ်ခြင်းနှင့် ချောင်းဆိုးခြင်းကိုသက်သာစေခြင်း၊ အရိုးကိုကြံ့ခိုင် သန်စွမ်းစေခြင်း၊ ကိုလက်စထရောပမာဏကိုကျဆင်းစေခြင်း၊ စိတ်ဖိစီးမှုကိုသက်သာစေခြင်း၊ အမြင် အာရုံကို တိုးတက်စေခြင်းနှင့် နာကျင်ကိုက်ခဲမှုကို လျော့ပါးသက်သာစေခြင်း အစရှိသည့်ကောင်းကျိုး များစွာကိုရရှိစေနိုင်ပါသည်။ ပင်ပွားကို သစ်သီးဖျော်ရည်များ၊အုန်းနို့များထဲတွင် ထည့်ပြီးစားသုံးခြင်း၊ ရေခဲသုပ်ကဲ့သို့ အသုပ်များထဲတွင်ထည့်စားခြင်း၊ ချိစ် နှင့် ခရင်မ်ဆော့များတွင်ထည့်၍စားသုံးခြင်း၊ အချိုပွဲများ နှင့် ဒိန်ချဉ်ထဲတွင်လည်းထည့်ပြီး အမျိုးမျိုးစားသုံးနိုင်ကြောင်း စာပေများမှလေ့လာသိရှိ ရပါသည်။
DOCA(မန္တလေး)
