
ကြက်သွန်နီသည် ချို၏၊ စပ်၏၊ အနည်းငယ်ပူ၏။ ကြက်သွန်နီ၏ ဆေးဖက်ဝင်သတ္တိသည် အမွှန်ဓါတ်ပါရှိပါသည်။ ကြက်သွန်နီကို အစိမ်းတိုင်း မြှတ်စား၍သော်လည်းကောင်း၊ အသုပ်သုပ်စား၍သော်လည်းကောင်း စားသုံးကြသလို ဟင်းအမျိုးမျိုးချက်ပြုတ်စားသောက်ရာတွင်လည်း မပါမဖြစ်လိုအပ်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီအရည်အသွေး အလုံးအကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။ မန္တလေးဈေးကွက်အတွင်း၌ ယခင်လ အောက်တိုဘာလတွင် ကြက်သွန်နီ(မြစ်သား)ရွှေဖလားမျိုး၊ ထိပ်မမျိုး တစ်ပိဿာလျှင် ဥအကြီးအသေးပေါ်မူတည်၍ (၁၅၀၀/၂၀၀၀)ကျပ်၊ မြင်းခြံဥနှင့် အခြားကြက်သွန်နီမျိုးမှာ တစ်ပိဿာလျှင်(၂၀၀၀/၂၅၀၀) ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ တတိယပတ်၌ တစ်ပိဿာလျှင်(၇၀၀-၈၀၀) ကျပ်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
