စိုက်ပျိုးရေးသုံးယူရီးယားဓာတ်မြေသြဇာဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၃.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ယူရီးယားဓာတ်မြေသြဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ သစ်တိုကျွန်းကျေးရွာရှိ “မသဲသဲ” စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာအမျိုးမျိုး အရောင်းဆိုင်သို့ သွားရောက်၍ ဓာတ်မြေသြဇာ အမျိုးမျိုးတို့၏ အရည်အသွေးနှင့် စျေးနှုန်းတို့အား စစ်ဆေးရာတွင် အာဗိုအမှတ်တံဆိပ် ၁၀ ပတ်လည် ၅၀ Kg တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ အာဗို ၂၀း၁၂း၁၂ ၅၀ Kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်၊ ကွန်ပေါင်း (သီးစုံ) ၁၀း၁၀း၅ ၅၀ Kg တစ်အိတ်လျှင် (၉၈၀၀၀) ကျပ်၊ ရွှေနဂါး (အသီး) ဓာတ်မြေသြဇာ ၅၀ Kg တစ်အိတ်လျှင် (၁၀၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေပြီး ထိုစျေးနှုန်းမှာ သယ်ဆောင်စရိတ်နှင့် အမြတ်အစွန်းအနည်းအငယ်သာ ယူ၍ ရောင်းချနေသဖြင့် စျေးနှုန်းသင့်တင့်မှုရှိပြီး ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများအတွက် အဆင်ပြေကြောင်း သတင်းရရှိပါသည်။

 DOCA (မွန်)