ဆောင်းရာသီ၏ ရာသီစာထန်းပင်မြစ်

Powered by Drupal

        ထန်းပင်မြစ်သည် ဆောင်းရာသီနှင့် အင်မတန်လိုက်ဖက်လှပြီး အညာဒေသ၏မပါမဖြစ် ရာသီစာအစားအစာတစ်မျိုးဖြစ်သည်။ ထန်းပင်မြစ်ကို မီးဖုတ်ပြီးစားကြသလို ဆီ၊ ဆားနှင့် လည်းတို့ စားကြသည်။ ထန်းမြစ်ကို မီးဖုတ်စားရင်အနံ့ပိုပြီးမွှေးသောကြောင့် မီးဖုတ်၍လည်းစားကြပါသည်။ ထန်းပင်မြစ်ကို ထန်းမြစ်ကြော်စားခြင်း၊ ထန်းမြစ်ပြုတ်စား ခြင်းစသည့်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြသည်။ ထန်းပင်မြစ်သည် သွေး၊ လေ၊ သည်းခြေ၊ သလိပ်၊ အစာကြေညက်ခြင်းနှင့် ဝမ်းမီးတောက်စေနိုင်ပါသည်။ ထန်းပင်မြစ်သည် လူတို့၏ခန္ဓာကိုယ်အတွက် လိုအပ်သောဗီတာမင်ဘီဓာတ်ပေါင်းစု အပြင်အဆီဓာတ်နှင့် ပရိုတိန်းဓာတ်များလည်းပါဝင်ပါသည်။ အမျှင်ဓာတ်ကြွယ်ဝစွာပါရှိသောကြောင့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးနိုင်ခြင်း၊ ထန်းပင်မြစ်သည် ဆောင်းရာသီတွင်သာ ပေါပေါများများရရှိနိုင်ပြီး ခန္ဓာကိုယ်တွင်းအပူဓာတ်ကို လျှော့ချပေးနိုင်သည့် ရာသီစာဆေးဖက်ဝင်အစား အစာတစ်မျိုးဖြစ်သည်။ ယခုနိုဝင်ဘာလ ဒုတိယပတ်ရှိ ထန်းပင်မြစ်ဈေးနှုန်းသည် (၂၀)ပင်စည်း တစ်စည်းလျှင်ပေါ်ဦးပေါ်ဖျားအချိန်၌ (၃၀၀/၃၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သစ်သီးဝလံရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)