
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် မြေဆီမြေလွှာကောင်းမွန်ခြင်းကြောင့် နှစ်ရှည်သီးနှံများ၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိပါသည်။ ဂေါ်ရခါးပင်သည်လည်း စိုက်ပျိုးရလွယ်ကူပြီး ကျေးလက်နေမြို့နေသူများ အိမ်တိုင်းတွင်စိုက်ပျိုးကြပါသည်။ ဂေါ်ရခါးသီးကို ပျိုးထောင်စိုက်ပျိုးနိုင်သလို အမြစ်အုံကိုလည်း သားခွဲ၍ စိုက်ပျိုးနိုင်ပါသည်။ မြေပေါ်တွင် အလျားလိုက်ချ၍ အစေ့ကို အပေါ်ဘက်တွင်ထားပြီး အသီးတစ်ဝက်ဖော်ပြီး စိုက်ပျိုးနိုင်ပါသည်။ မြေသြဇာအဖြစ် ယူရီးယား၊ တီစူပါ၊ ပိုတက် စသည့်တို့ကို လိုအပ်သလို အသုံးပြုနိုင်ပါသည်။ အသီးကြီးထွားမှုမြန်ပါက (၁၅-၁၆)ရက်ကြာလျှင် ခူးဆွတ်နိုင်ပါသည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်စားသောက်နိုင်သလို အသီးကိုလည်း ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်နိုင်ပါသည်။ ပြင်ဦးလွင်မှထွက်ရှိသော ဂေါ်ရခါးအညွှန့်နှင့် အသီးများကို ပြင်ဦးလွင်ရှိစျေးများ၊ မန္တလေးနှင့် စစ်ကိုင်းမြို့များသို့ရောင်းချပြီး ယခု ပြင်ဦးလွင်တွင် ဂေါ်ရခါးသီးစျေးနှုန်းအနေဖြင့် (၁)လုံးလျှင် (၂၀၀-၅၀၀)ကျပ် အထိရောင်းချရပြီး ဂေါ်ရခါးအညွှန့်(၅၀)ကျပ်သား(၁)စည်းလျှင်(၃၀၀၀/-)ကျပ် စျေးနှုန်းများရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
