
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် တောင်ပေါ်မြို့လေးဖြစ်ပြီး ခရီးသွားဧည့်သည်များ၊ လည်ပတ်သူများဖြင့် အမြဲမပြတ်စည်းကားလျက်ရှိပါသည်။ ခရီးသွားများ များလာသည်အမျှ ဒေသထွက်ကုန်ဖြစ်သော ပန်းမာန်၊ နေကြာ၊ မက်မန်း၊ ထောပတ် စသည့် သီးနှံများအပြင် ဒေသထွက်ကုန်ဖြစ်သော စတော်ဘယ်ရီမှာလည်း လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြင်ဦးလွင်မြို့သည် နှစ်ရှည်သီးနှံအပြင် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးပြီး ခြံစိုက်တောင်သူများ မိသားစုဝင်ငွေရရှိလျက်ရှိပါသည်။ စတော်ဘယ်ရီသီးနှံကို မိရိုးဖလာစိုက်ပျိုးသူများ လည်းရှိပါသည်။ စတော်ဘယ်ရီ သီးနှံကို ယို၊ ဝိုင်၊ တော်ဖီ စတော်ဘယ်ရီဖျော်ရည်အပြင် သကြားဖြူး၍လည်း အလွယ်တကူစားသောက်နိုင်ပါသည် ။ ယခုအချိန် စတော်ဘယ်ရီသီးများ စတင်ရောင်းချနေပြီး စျေးနှုန်းအနေဖြင့် အကြွပ်သီး (၁)ပိဿာလျှင် (၃၅၀၀၀/-)ကျပ် နှင့် ချိုမွှေးသီး (၁)ပိဿာလျှင် (၄၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
