“ဆူးပုတ်ပင်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

         ကျောက်ဆည်ခရိုင်အနေဖြင့် စိုက်ပျိုးရေးကိုအခြေခံပြီး ရေမြေသဘာဝကောင်းမွန်သည့် ခရိုင်တစ်ခုဖြစ်သည့်နှင့် အညီ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ရာတွင် ဟင်းသီးဟင်းရွက်များအနက်မှ ဆူးပုတ်ပင်များကိုလည်း အလေးထားစိုက်ပျိုးလာကြသည်ကိုလည်း တွေ့ရှိရပါသည်။ ဆူးပုပ်ပင်တွင် ဆူးပုပ်ကြီးနှင့် ဆူးပုပ်ကလေး (၂)မျိုးရှိရာ ဆူးပုပ်ကြီးမျိုးမှာ ဆူးပုပ်ကလေးမျိုးထက် အပင်နှင့် အရွက် အရွယ်အစားပိုကြီးပါကြောင်း၊ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက် ပို၍ပြင်းကြောင်း၊ ဒုတိယတစ်မျိုးအနေဖြင့် ဆူးပုပ်ကလေးမျိုးမှာ ဆူးပုပ်ကြီးမျိုးထက် အရွက်နှင့် အပင်အရွယ်အစားသေးငယ်ပြီး အရွက်အနံ့မှာလည်း ဆူးပုပ်ကြီးအပင်လောက် အနံ့မပြင်းကြောင်း၊ ဆူးပုပ်ကလေးအပင်များကို ကျောက်ပန်းတောင်း၊ မကွေးကဲ့သို မြေလတ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ထိုဒေသများတွင် ဆူးပုပ်ကြီးထက်ဆူးပုပ်ကလေးကိုပို၍ အသုံးများကြပါကြောင်း၊ ဆူးပုပ်ကလေး စိုက်ပျိုးရေးလုပ်ငန်းသည် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး မိသားစုအပိုဝင်ငွေ ရရှိသည့် သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရာ၌ အစေ့ချစိုက်နည်းစနစ်နှင့် အပင်ပျိုးထောင်စိုက် နည်းစနစ်ဟူ၍ စိုက်ပျိုးနိုင်ပါကြောင်း၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်တွင် ဆူးပုပ်ညွန့်များကို ဆွတ်ခူးရောင်းချရပါကြောင်း၊ အခြားသီးနှံများနှင့် သီးထပ်သီးညှပ် ရောနှောစိုက်ပျိုးနိုင်ပြီး နှစ်သီးစား သီးနှံဝင်ငွေရရှိကာ စိုက်ပျိုးသည့်တောင်သူများအနေဖြင့် အားထားလုပ်ကိုင်စိုက်ပျိုးကြပါကြောင်း၊ ဆူးပုပ်ကလေး စိုက်ပျိုးရာတွင် ကိုင်းမြေနဲ့မြေနုကျွန်း ပတ်ပတ်လည်တွေမှာ စည်းရိုးသဖွယ် အတန်းလိုက်စိုက်ပျိုးကြပါကြောင်း၊ ဆူးပုပ်ကလေး ဈေးနှုန်းအနေဖြင့် လက်လီ(၁၀)သားလျှင် (၇၀၀-၈၀၀) ကျပ်၊ လက်ကား (၁)ပိဿာလျှင် (၅၀၀၀/-) ကျပ်ဖြင့် ရောင်းချကြကြောင်း၊ ယခုအချိန်တွင် ဆူးပုပ်ထွက်ရှိမှု နည်းသောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ဆူးပုပ်ကလေးအား အခြားသောဟင်းသီး ဟင်းရွက်များနှင့် အတူ အရည်သောက်ဟင်းဖြင့်လည်းကောင်း၊ ကြော်စားခြင်းဖြင့်လည်းကောင်း စားသုံးသူများ ကြိုက်နှစ်သက်ကြသဖြင့် ဈေးကွက်တွင် ရောင်းလိုအားကောင်းပြီး အကျိုးအမြတ်ရရှိသော ဆူးပုပ်ပင်အား စိုက်ပျိုးပြီး နေ့စဉ်ဝင်ငွေရရှိအောင် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)