“ဂန္ဓာမာပန်းနှင့် မေမြို့ပန်းဈေးနှုန်းများ အနည်းငယ်ကျဆင်း”

Powered by Drupal

          ကျောက်ဆည်မြို့နယ်၊ ထားဝယ်ကျေးရွာတွင် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် မေမြို့ပန်း၊ ဂန္ဓာမာပန်းမျိုးစုံကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချသည့် မိသားစုများရှိကြောင်း၊ စိုက်ပျိုးထားသော မေမြို့ပန်း၊ ဂန္ဓာမာပန်းခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိပါသည်။ ပန်းမျိုးအနေဖြင့် ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ရွှေဝါဝင်းစသည့် ပန်းမျိုးကွဲများစွာရှိကြောင်း၊ ပန်းပျိုးပင်များကို ပြင်ဦးလွင်မြို့အနီးစခန်းကျေးရွာများမှ တစ်ပင်လျှင် (၂၅-၃၀)ကျပ်အထိ ပန်းအမျိုးအစားအလိုက် ဝယ်ယူစိုက်ပျိုးကြကြောင်း၊ တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပန်းပျိုးပင် အရေအတွက်(၆)သောင်းခန့် စိုက်ပျိုးနိုင်ကြောင်း၊ စတင်စိုက်ပျိုးပြီး (၄)လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ယခုအချိန်တွင် ပန်းများဖြိုင်ဖြိုင်ထွက်ပေါ်နေသောကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ပေါ်ဦးပေါ်စ ရောင်းချရာတွင် ပန်းခိုင် (၁၀)ခိုင်ခန့် ပါဝင်သောပန်းတစ်စည်းလျှင် ပန်းလှပမှုနှင့် ပန်းအမျိုးအစားပေါ်မူတည်၍ လက်လီ ဈေးနှုန်းအနေဖြင့် (၂၀၀၀-၂၅၀၀)ကျပ်နှုန်းခန့် ရောင်းချရကြောင်း၊ ပန်းစတင်ခူးဆွတ်ချိန်မှ အပြီးရိတ်သိမ်းချိန်အထိ ပန်းအစည်းပေါင်း (၂၅၀၀)ခန့် ထွက်ရှိပြီး၊ ယခုလက်ရှိ ပန်းပေါက်ဈေး လက်ကား ဈေးအနေဖြင့် တစ်စည်းကို(၁၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပန်းစတင်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်သောကြောင့်  ယခုပန်းဈေးကျဆင်းသော်လည်း   အကျိုးအမြတ်ဖြစ်ထွန်းကြောင်း ပန်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)