ကံ့ကော်ညွန့် ဈေးနှုန်း

Powered by Drupal

                   မြင်းခြံမြို့နယ်ရှိ ကျေးရွာများဖြစ်သော ဆင်တဲကျေးရွာ၊ မြေတော်ကျေးရွာ၊ ဆင်ချောင်း ကျေးရွာ မြစ်ကမ်းဘေးကျေးရွာများတွင် သပြေပန်း၊ ကံ့ကော်ပန်းများ တစ်နိုင်တစ်ပိုင် စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေးတို့တွင် ဘုရားပန်းရောင်းချသောဆိုင်များ၊ ဘုရားတန်ဆောင်းတွင် ရောင်းချသောဆိုင်များသို့ တဆင့်ဖောက် သည်ပေးခြင်း၊ ကိုယ်တိုင်လာရောက်ရောင်းချကြောင်း သိရသည်။ ကံ့ကော်ပွင့်သည် နွေရာသီတွင် ဖူးပွင့်ပြီး ယခုလို ဆောင်းရာသီတွင် ကံ့ကော် အကိုင်းခက်များသာ ချိုး၍ ရောင်းချကြောင်း သိရသည်။ နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချသော ဈေးနှုန်းများမှာ ကိုင်းကြီး(၁) ခက်လျှင် (၃၀၀၀)ကျပ်၊ ကိုင်းလတ် (၁)ခက်လျှင် (၂၀၀၀)ကျပ်၊ ကိုင်းသေးတစ်ခက်လျှင် (၁၀၀၀)ကျပ်၊ ကိုင်းညှပ်အသေး တစ်စည်းလျှင် (၁၀၀၀)ကျပ် စသည့်ဖြင့် ရောင်းချရကြောင်း၊ ကံ့ကော်ညွန့်သည် ဘုရားပန်းတင်ရာတွင် ကြာရှည်ခံ၍ စိမ်းစိုနေသည့်အတွက် လူအများကြိုက်နှစ်သက်ကြောင်း ပန်း‌ရောင်းချသူထံမှ သိရသည်။

DOCA(မန္တလေး)