ငါန်းဇွန်မြို့နယ်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် စားသုံးဆီရောင်းချပေး

Powered by Drupal

                မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား နိုင်ငံတော်မှသတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသောစားအုန်းဆီများ လစဉ်လတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် အိမ်ထောင်စုတစ်စုလျှင် (၂)ပိဿာနှုန်းဖြင် တစ်ပိဿာ (၇၇၀၀)ကျပ်ဈေးဖြင့် လည်းကောင်း၊ ရောင်းချ ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအား လစဉ် (၁၅)ရက်နေ့ တစ်ကြိမ်၊ လကုန် ရက်တွင်  တစ်ကြိမ် ပေါင်းနှစ်ကြိမ်(နှစ်ပိဿာ) ရောင်းချပေးကြောင်းနှင့် ပင်စင်စားဝန်ထမ်း များအား လစဉ် (၂၃)ရက်နေ့မှ (၂၅) ရက်အတွင်း ရောင်းချပေးကြောင်း၊ ထိုသို့ရောင်းချရာတွင် အလေးချိန်မှန်၊ သတ်မှတ်သောဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးကြောင်း၊ ဒေါ်သန့်သန့် (ဆီကိုယ်စားလှယ်) ထံမှ သိရှိရသည်။  

DOCA(မန္တလေး)