ငါးစားသုံးခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများ

Powered by Drupal

            ငါးသည် အာဟာရဓာတ် ကောင်းစွာပါဝင်သော စားသောက်ဖွယ်ရာတစ်မျိုးဖြစ်ပါသည်။ ငါးအများစုသည် ပရိုတင်းဓာတ်ကောင်းစွာပါဝင်၍ ဗီတာမင်၊ သတ္တုဓာတ်များစွာပါဝင်ခြင်း၊ ဗီတာမင်Dနှင့် B2 များစွာပါဝင်ခြင်း၊ သံဓာတ်၊ ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စသည့် သတ္တုဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်ခြင်းတို့ကြောင့် တစ်ပတ်လျှင် (၂)ကြိမ်(၃)ကြိမ် စားသုံးသင့်ပါသည်။ ငါးတွင် ပါဝင်သော အဆီဓာတ်သည် နှလုံးကျန်းမာရေးကို ကောင်းစေခြင်း၊ ငါးကို ပုံမှန်စားသုံးသူများသည် နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ အခြားနှလုံးရောဂါဖြစ်နိုင်ချေ နည်းပါးစေခြင်း၊ ဦးနှောက်နှင့်မျက်စိပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးကောင်းမွန်ပါကြောင်း၊ ငါးမှရရှိသော ပရိုတင်းဓာတ် များသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုလည်း ဖွံ့ဖြိုးစေရန် အထောက်အကူပြုစေကြောင်း၊ အသက်ကြီးသောအချိန်တွင် ဖြစ်တတ်သော မျက်စိကြွက်သားများ အားနည်းခြင်း ဖြစ်နိုင်ခြေလျော့ချပေးနိုင်ကြောင်း၊ ဗီတာမင်D ကြွယ်ဝသောကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်စေနိုင်ကြောင်း သိရှိရသည်။ ့ကြောင့် ယခုလို ဆောင်းရာသီတွင် ပေါများသောငါးများကို နေ့စဉ်စားသုံးသင့်ပါကြောင်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပါဝင်သော ငါးများသည် မြင်းခြံမြို့တွင် မြစ်ငါးမျိုးစုံဝင်ရောက်၍  တီလားဗီးယားငါး (၂၅)ကျပ်သားလျှင် ၂၀၀၀/- မှ ၂၅၀၀/- ကျပ်၊ ငါးဇင်ရိုင်း (၂၅)ကျပ်သားလျှင် ၂၅၀၀/-ကျပ်၊ ငါးဖားမ (၂၅)ကျပ်သားလျှင် ၁၅၀၀/-မှ ၂၀၀၀/-ကျပ် စသည့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တ‌လေး)