
မြန်မာလူမျိုးတို့သည် အသီးအနှံများ သဘာဝအစားအသောက်ဖြစ်သော ထန်းပင်မြစ်၊ ပဲမြစ်၊ ကန်းစွန်းဥ၊ ပိန်းဥ စသည့်တို့ကိုလည်း လွန်စွာကြိုက်နှစ်ကြပါသည်။ ဆောင်းရာသီရောက်လာသည်နှင့် မနက်အိပ်ယာထ မီးဖို၍ မီးလှုံရင်း ပိန်းဥပြုတ်၊ ကန်စွန်းဥပြုတ်၊ ပဲမြစ်ပြုတ်တို့ဖြင့် နံနက်စာ စားသောက်ခြင်းသည်လည်း ဓလေ့တစ်ခုဖြစ်ပါသည်။ ပိန်းဥသည် အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းကျိုးပြုသောအမျှင်ဓာတ်ပါဝင်မှု မြင့်မားစေခြင်း၊ အစာခြေဖျတ်နိုင်စွမ်းပို ကောင်း၍ ဝမ်းမှန်စေခြင်း၊ သွေးဖိအားကိုလျော့ကျစေသောကြောင့် အာရုံကြောစနစ်ကို မြှင့်တင်ပေး ခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ ဗီတာမင်အီးနှင့် ဗီတာမင်အေတို့ကြောင့် အသားအရေထိန်းသိမ်း နိုင်စွမ်းကောင်း၍ အရေးအကြောင်းမျာ ပြေပျောက်စေခြင်း၊ အသားအရေဝင်းလက်လှပစေနိုင်ခြင်း၊ အဓိက အစွမ်းသတ္တိက ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်း၊ အဆုတ်ကျန်းမာရေးကောင်းစေခြင်း၊ ပင်ပန်းနွမ်းလျမှုကျု ပြေလျော့စေခြင်း၊ အကြားအာရုံချို့ယွင်းမှုကို တိုးတက်ကောင်းမွန်စေခြင်းတို့ ကြောင့် ပုံမှန်စားသုံးပေးသင့်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် မြင်းခြံမြိုဲ့တွင်အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းမှာ တစ်ပိဿာလျှင်( ၃၀၀၀/၄၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)
