“စဉ့်ကိုင်မြို့နယ်၌ နေကြာ(မိုး)များအားလုံးရိတ်သိမ်းပြီးစီး”

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက်ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည် ။ နေကြာစိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်ခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၆၇၂၈)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင်မြို့နယ်တွင် (၂၈၆၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အားလုံးရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရ ပါသည် ။ နေကြာ(မိုး) စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် (၄၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခုအချိန်တွင် နေကြာများ အားလုံးရိတ်သိမ်းပြီးဖြစ် ကြောင်း ၊ ယခုလက်ရှိ ပေါက်စျေးအနေဖြင့် နေကြာတစ်တင်း လျှင်(၆၁၅၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းအထွက်နှုန်းအနေဖြင့်(၂၁-၂၂)တင်းခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့်(၈၅၀၀၀၀/-)ကျပ်မြတ်ခဲ့ကြောင်း၊နေကြာစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တ‌လေး)