“ဆောင်းမြေပဲများစတင်ထွက်ပေါ်”

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မြေပဲသီးနှံများအား မိုးနှင့်ဆောင်းရာသီများတွင် စိုက်ပျိုးကြပါသည်။ ကျောက်ဆည်ခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြေပဲ(ဆောင်း) (၁၁၅၀)ဧက စိုက်ပျိုးထားရှိ ကြောင်း၊ မြေပဲ(ဆောင်း)မှာ ပင်ထောင်မျိုး နှင့် ပင်ပြန့်မျိုးဟူ၍ (၂)မျိုးရှိကြောင်း ၊ ယခုအချိန်တွင် ပင်ထောင်မျိုးများ စတင်ထွက်ပေါ်လျက်ရှိကြောင်း ၊ မြေပဲစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ မြေပဲစိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ ၊ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း ၊ အထွက်နှုန်းအနေဖြင့် သီးနှံအရည်အသွေးပေါ်မူတည်ပြီး တင်း(၂၅-၃၀)ခန့် ထွက်ရှိခဲ့ကြောင်း၊ မြေပဲဈေးနှုန်းအနေဖြင့်မြေပဲတောင့်(၁)တင်းလျှင်(၅၂၅၀၀/-)ကျပ်၊မြေပဲဆံတစ်ပိဿာလျှင်(၇၅၀၀/) ကျပ် ၊ မြေပဲဆီ(၁)ပိဿာလျှင်(၁၂၅၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ ကျေးရွာအရောက် ဝယ်ယူမှုများရှိသလို တောင်သူများမှလည်း ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း ၊ ပွဲရုံများမှ တဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တ‌လေး)