
မိတ္ထီလာမြို့ခရိုင်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆန်စပါး ၊ဆီထွက်သီးနှံ၊ပဲမျိုးစုံ၊ငရုတ်၊ကြက်သွန်၊ဝါစသည့်သီးနှံများကို အဓိကစိုက်ပျိုးကြပြီး သစ်သီးဝလံဖြစ်သည် ငှက်ပျောကို စိုက်ပျိုးမှုမှာအနည်းငယ်သာရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ် ၊ငှက်ပျောစိုက် ဧက(၅၀၂)ဧကသာရှိကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦီးစီးဌာနစာရင်းအရသိရှိရပါသည်။
မိတ္ထီလာဈေးကွက်သို့ ကျောက်ဆည်၊ တောင်ငူ၊ လွိုင်ကော်မြို့များမှ ငှက်ပျောများ အဝင်များ ကြောင်းသိရှိရပါသည်။ ယခုနိုဝင်ဘာလတတိယပတ်တွင် ငှက်ပျောဖီးကြမ်း တစ်ဖီးလျှင် (၄၅၀၀-၅၀၀၀)ကျပ်၊ ရခိုင်ငှက်ပျောတစ်ဖီးလျှင်(၂၅၀၀-၃၀၀၀)ကျပ်၊ သီးမွေးငှက်ပျောတစ်ဖီးလျှင် (၅၀၀၀-၆၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် အလှူပွဲများကုန်ချိန်ဖြစ်၍ ငှက်ပျောတစ်ဖီးလျှင်(၅၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာ ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
